welcome to my blog warmly all friends

လာရောက်လည်ပတ်ကြသူ သူငယ်ချင်းများအားလုံးကိုကျေးဇူးအထူးဥပကာရတင်ရှိပါကြောင်းကျန်းကျန်းမာမာချမ်းချမ်းသာသာရှိကြပါစေ ကြောင်းဆုတောင်းပါတယ်ခင်ဗျာ ရည်မှန်းချက်ပန်းတိုင်သို့လျင်မြန်စွာရောက်ရှိနိုင်ကြပါစေဗျာ လူအချင်းချင်းရန်လိုခြင်းကင်းရှင်းကြပါစေဗျာ။လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ " လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။ "

Saturday, March 8, 2014

ဟိုစုဒီစုဘုစုခရု အပိုင်း ၁၈



Facebook Version 8.0.0.0.17 ထွက်ရှိလို့ လာပါပြီး။ အရင့်အရင် Version ဟောင်းတွေမှာ Profile photo, Cover photo change မရခြင်းများ ယခု 8.0.0.0.17 ၌ချက်ချင်း photo ရွေးပြီး change လို့ရပါပြီး။ ဒါပေမဲ့ အရင် version ရသော feeling ယခု 8.0.0.0.17 ၌မရတော့ပါ။ Speed ကတော့ တကယ့်သိသိသာသာကို မြန်လာတာတော့ ကျွန်တော်အာမခံပါတယ်။

https://www.dropbox.com/s/ec311dj9q5t798w/Facebook%20Version%208.0.0.0.17.apk by ခံစားချက်မဲ့သောလူသား .mmug.  
………………………………………………………………………………
Facebook laste version 8.0.0.0.16 ပါ။ ယခု version ၌ Speed ကိုဦးစားပေးထားတယ်လို့ ကျွန်တော်ထင်ပါတယ် အခြားတေည့ ပြောင်းလည်းမှု့များ ကျွန်တော်မတွေ့မိသေးပါဘူး။ လိုချင်သောသူများ ဆွဲနိုင်ပါပြီး။

https://www.dropbox.com/s/jhum6pc0jl6ltmt/Facebook_8.0.0.0.16.apk
by ခံစားချက်မဲ့သောလူသား .mmug.
…………………………………………………………………………
https://www.dropbox.com/s/g7if3vykk7ijit9/Facebook%20Version%208.0.0.0.15.apk facebook.v.8.0.0.0.15.apk.ထွက်လာပြန်ပြီ။ နောကမကျချင်ဒေါင်းထား။
by ခံစားချက်မဲ့သောလူသား။mmug.
…………………………………………………………………………..
https://www.dropbox.com/s/yn7tkxrcz3plssq/Facebook%20v8.0.0.0.14%20am.apk by Twin Htoo zan.mmug. ထွက်လာပြန်ပြီ ။
facebook.v.8.0.0.0.14.apk.
http://www48.zippyshare.com/v/78243096/file.html
ကိုင်းထွက်လာပြန်ပြီ facebook.v.8.0.0.0.7.Size..18.9.MB.


………………………………………………………………….
https://www.dropbox.com/s/g5rtda1bx1jumd2/Freedom-cc.cz.madkite.freedom-97-v0.9.7.apk လိုအပ်သူများအတွက်ဖရီးဒမ်း apk

………………………………………………………….
…………………………………………………….
………………………………………………………………
http://www42.zippyshare.com/v/66659580/file.html
ကွန်ပြူတာဖြင့်ဖေ့စ်ဘုခ်ဖန်ပေ့ဂ်ျပြုလုပ်နည်း.PDF..Size.0.63.MB.
 …………………………………………………………..
http://www42.zippyshare.com/v/61587505/file.html
ဖုန်းဖြင့်ဖေ့စ်ဘုခ်ပေ့ဂ်ျပြုလုပ်နည်း pdf.size.0.67.MB.
 ……………………………………………………….
http://d-h.st/ogg MM Fonts Gallery
Size.24.16.MB.android devices တွေအတွက်မြန်မာဖောင့်အမျိုးအစားပေါင်း
1082.ခုပါရှိတဲ့ zip.ဖိုင်ဖြစ်ပါတယ်
http://d-h.st/r8g Sanpya mmfont.
size.302.55.KB.
……………………………………………………………………
http://www.mediafire.com/?m2f70vqc3ar0lgn Bagan Keyboard pro.perfect.pre.Activated for android.
by မောင်စွယ်စုံ။size.3.MB.
………………………………………………………….
Print Friendly and PDF

မျိုးစောင့်ဥပဒေနှင့်ဆက်စပ်ပတ်သက်သမျှ သတင်းများ

မျိုးစောင့်ဥပဒေ လေးခုအနက် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများကို အုပ်ချုပ်ရေးအဖွဲ့က ရေးဆွဲမည်ဖြစ်ပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဆက်နွှယ်သက်ဆိုင်သဖြင့် ယင်းက တာဝန်ယူရေးဆွဲရန် ဖြစ်ပါက ပြည်ထောင်စု လွှတ်တော်က တိုက်ရိုက်ဆက်သွယ်ရမည့် ကိစ္စဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ မတ် ၆ ရက် ရက်စွဲဖြင့် အကြောင်းပြန်စာ ပေးပို့ထားကြောင်း သိရသည်။

သာသနာရေး ၀န်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် သက်ဆိုင်သည့် အဆိုပါဥပဒေနှစ်ခုကို အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းနှင့် ပြင်ပရှိ ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင် သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံး ကျွမ်းကျင်သူများ ပါဝင်သည့် ဥပဒေကြမ်း ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေးဆွဲမည် ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းအကြောင်း ပြန်ကြားသည်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတို့ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က အကြောင်းကြားပေးပို့ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ပြောကြားသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတစ်ဝန်းရှိ သံဃာတော်များ အပါအ၀င် နိုင်ငံသား ၁၃၃၅၆၀၀ တို့က လက်မှတ်ရေးထိုးကာ အမျိုးဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက် အဆိုပါ ဥပဒေလေးခုအား ပြဋ္ဌာန်းပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့ (ဗဟို) ၏ တိုက်တွန်းချက်ကို လိုအပ်ပါက ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆောင်ရွက်နိုင်ရန် ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်ထံသို့ ပေးပို့ခဲ့သည်။

နိုင်ငံတော်သမ္မတက ပေးပို့သောသ၀ဏ်လွှာပါ ဥပဒေလေးခုဖြစ်သည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ သာသနာရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ အနေဖြင့် ဥပဒေမူကြမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ စိစစ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည်တင်ပြရန် ဖေဖော်ဝါရီ ၂၇ ရက်က နိုင်ငံတော်သမ္မတထံသို့ သ၀ဏ်လွှာပြန်လည် ပေးပို့ခဲ့နောက် သမ္မတက ယခုကဲ့သို့ သ၀ဏ်လွှာ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါဥပဒေကြမ်းများ လွှတ်တော်သို့ ရောက်ရှိပါက ပြည်ထောင်စုလွှတ်တော် အနေဖြင့် နိုင်ငံတော် တိုင်းရင်းသားများနှင့် နိုင်ငံသားများ အကျိုးစီးပွား အမှန်တကယ်ရရှိရေး အလေးထား စဉ်းစားသုံးသပ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက မတ် ၆ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မတ် ၇ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ်
Eleven Media Group
.........................................
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရန် ကော်မရှင်တစ်ရပ်ကို သမ္မတဦးသိန်းစိန် ဖွဲ့စည်း
Saturday, March 8, 2014

ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်း ရေးဆွဲရေးဆိုင်ရာ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းကြောင်း သမ္မတဦးသိန်းစိန်က မတ် ၇ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကော်မရှင်တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်နှင့် သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်ဌေးတို့က ဆောင်ရွက်ရမည်ဖြစ်ကာ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က တာဝန်ယူရမည်ဖြစ်သည်။

ကော်မရှင်အနေဖြင့် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်းနှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံတင်ပြရမည်ဖြစ်ပြီး . . .
အဖွဲ့ဝင်များအဖြစ် ရှစ်ဦးပါဝင်ပြီး နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစစ်အေး၊ သံအမတ်ကြီး (အငြိမ်းစား) ဦးတင်ဝင်း၊ သမိုင်းပညာရှင် ပါမောက္ခ (အငြိမ်းစား) ဒေါက်တာတိုးလှ၊ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နန္ဒာမွှန်း၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်၊ စာရေးဆရာ ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) နှင့် ပြည်သူ့ကျန်းမာရေးပညာရှင် ဒေါက်တာမြင့်ထွေးတို့ ပါဝင်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များတွင် လိုအပ်ပါကပွင့်လင်း မြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပကာ ဥပဒေကြမ်း ရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊ ဥပဒေကြမ်းရေးဆွဲရာတွင် အခြေခံရမည့် အချက်များအဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ပြီး ကွဲပြားသောဘာသာ အယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေ ရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံကျင့်သုံးနိုင်စေရန် စသည့်အချက်များ ပါဝင်သည်။

ဥပဒေကြမ်းအား ရေးဆွဲပြုစုရမည့် နည်းလမ်းများအဖြစ် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာများနှင့် ကိုက်ညီစေရန် ရေးဆွဲပြုစုခြင်း၊ ရဟန်းရှင်လူ ပြည်သူများထံမှ လည်းကောင်း၊ ဘာသာရပ် ကျွမ်းကျင်သူများ ထံမှလည်းကောင်း အကြံပြုချက်များ သို့မဟုတ် ဥပဒေကြမ်းများကို ဖိတ်ခေါ်တောင်းခံ၍ အချက်အလက် ရယူပြီးရေးဆွဲရန် စသည်ဖြင့် ဖော်ပြထားသည်။

ကော်မရှင်အနေဖြင့် အပြီးသတ်ပြုစု ရေးဆွဲပြီးသည့် ဥပဒေကြမ်းနှစ်ရပ်ကို ၂၀၁၄ ခုနှစ် ဇွန် ၃၀ ရက်ထက် နောက်မကျစေဘဲ သမ္မတထံ တင်ပြရမည်ဖြစ်ပြီး အဆိုပါဥပဒေ ကြမ်းနှစ်ရပ်အား ဥပဒေအဖြစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ကော်မရှင်လုပ်ငန်းတာဝန် ပြီးဆုံးမည်ဖြစ်သည်။

Eleven Media Group
...........................................
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၁၉ / ၂၀၁၄

၁၃၇၅ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက်

( ၂၀၁၄ ခုနှစ် ၊ မတ်လ ၇ ရက် )

ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁။ ရဟန်းရှင်လူပြည်သူများက နိုင်ငံတော်သမ္မတထံ ဆန္ဒပြုတင်ပြလာမှုအရ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေနှင့် လူဦးရေတိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာဥပဒေများ ပြဋ္ဌာန်း နိုင်ရေးအတွက် ဥပဒေကြမ်းများရေးဆွဲခြင်းကို အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု လွှတ်တော်နာယက က ပြန်ကြားလာပါသည်။

၂။ ဥပဒေကြမ်းများရေးဆွဲပြုစုရာတွင် ပြီးပြည့်စုံသည့် ဥပဒေကြမ်းများဖြစ်နိုင်စေရန် ဘာသာရပ် ဆိုင်ရာ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များပါဝင်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ရေးဆွဲသင့်သည့် အတွက် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးလိုက်သည်-

(က) ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥက္ကဋ္ဌ

(ခ) ဦးဝင်းမြင့် ဒုတိယဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ

(ဂ) ဒေါက်တာမောင်မောင်ဌေး ဒုတိယဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ

(ဃ) ဦးစစ်အေး အဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်သမ္မတ၏ဥပဒေအကြံပေးအဖွဲ့ အဖွဲ့ဝင်

(င) ဦးတင်ဝင်း သံအမတ်ကြီး (အငြိမ်းစား) အဖွဲ့ဝင်

(စ) ဒေါက်တာတိုးလှ ပါမောက္ခ (အငြိမ်းစား)၊ သမိုင်းပညာရှင် အဖွဲ့ဝင်

(ဆ) ဒေါ်နန္ဒာမွန်း ညွှန်ကြားရေးမှူးချုပ်၊ သမိုင်းသုတေသနဦးစီးဌာန အဖွဲ့ဝင်

(ဇ) ဦးခိုင်အောင် ညွှန်ကြားရေးမှူးချုပ်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန အဖွဲ့ဝင်

(ဈ) ဦးမြင့်ကြိုင် ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့အင်အားဦးစီးဌာန အဖွဲ့ဝင်

(ည) ဦးမြတ်သူ (တက္ကသိုလ်မြတ်သူ) စာရေးဆရာ အဖွဲ့ဝင်

(ဋ) ဒေါက်တာမြင့်ထွေး ပြည်သူ့ကျန်းမာရေးပညာရှင် အဖွဲ့ဝင်

(ဌ) ဦးဝင်းမြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အတွင်းရေးမှူး

၃။ ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ရဟန်းရှင်လူ ပြည်သူတို့ထံက ပေးပို့လာသည့် အကြံပြုချက်များနှင့် ဥပဒေကြမ်းများ ရယူနိုင်ရေး ဆက်သွယ်ဆောင်ရွက်မည့်ပုဂ္ဂိုလ် သတ်မှတ်တာဝန်ပေးရန်၊

(ခ) လိုအပ်ပါက ပွင့်လင်းမြင်သာစွာဖြင့် အစည်းအဝေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပ၍ ဥပဒေကြမ်းရေးဆွဲရာတွင် ပါဝင်သင့်သော အချက်အလက်များ ဖော်ထုတ်ရန်၊

(ဂ) အောက်ပါအချက်များကို အခြေခံ၍ ဥပဒေကြမ်းရေးဆွဲရန်-

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်စေပြီး၊ ကွဲပြားသော ဘာသာအယူဝါဒ ရှိနေမှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ခိုင်မြဲစေရေးတို့ကို အလေးထား သုံးသပ်ရေးဆွဲရန်၊

(၂) တည်ဆဲဥပဒေများနှင့် ညီညွတ်စေပြီး ချိတ်ဆက်ကျင့်သုံးနိုင်စေရန်၊

(၃) နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ရေရှည်အကျိုးရှိစေပြီး တစ်နိုင်ငံလုံး လွှမ်းခြုံ ကျင့်သုံးနိုင်စေရန်။

(ဃ) လိုအပ်ပါက ဘာသာရပ်ကျွမ်းကျင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ အကြံဉာဏ်ရယူရန်။

၎။ ကော်မရှင်သည် အောက်ပါနည်းလမ်းများကိုအသုံးပြု၍ ဥပဒေကြမ်းအား ရေးဆွဲပြုစုရန်ဖြစ်သည်-

(က) ပြည်ပနိုင်ငံများမှ သက်ဆိုင်ရာ ဥပဒေများအား စိစစ်လေ့လာ၍ မိမိနိုင်ငံ၏ လူ့အဖွဲ့အစည်းနှင့် ဆီလျော်ညီညွတ်သည့်အချက်များကို သုံးသပ်ပြီး ရေးဆွဲပြုစုခြင်း၊

(ခ) မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ကိုက်ညီစေရန် ရေးဆွဲပြုစုခြင်း၊

(ဂ) ရဟန်းရှင်လူ ပြည်သူများထံမှလည်းကောင်း၊ ဘာသာရပ် ကျွမ်းကျင်သူများ ထံမှ လည်းကောင်း အကြံပြုချက်များ သို့မဟုတ် ဥပဒေကြမ်းများကို ဖိတ်ခေါ်တောင်းခံ၍ အချက်အလက်ရယူပြီး ရေးဆွဲပြုစုခြင်း။

၅။ ဥပဒေကြမ်းရေးဆွဲရေးအတွက် လိုအပ်သော ဘဏ္ဍာငွေကို နိုင်ငံတော်သမ္မတရုံး ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။

၆။ ကော်မရှင်သည် အပြီးသတ် ပြုစုရေးဆွဲပြီးသည့် ဥပဒေကြမ်း ၂ ရပ်ကို ၃၀-၆-၂၀၁၄ ရက် နေ့ထက် နောက်မကျစေဘဲ နိုင်ငံတော်သမ္မတထံ တင်ပြရမည်။ ယင်းဥပဒေကြမ်း ၂ ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် ကော်မရှင်၏ လုပ်ငန်းတာဝန် ပြီးဆုံးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
..............................................
မျိုးစောင့် ဥပဒေကြမ်းများ ရေးဆွဲရေး ကော်မရှင်ဖွဲ့စည်းဖို့ လွှတ်တော်ကို သမ္မတအသိပေး
Friday, March 7, 2014

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတွေ ရေးဆွဲဖို့အတွက် ဥပဒေပညာရှင်တွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူတွေပါဝင်တဲ့ ကော်မရှင်ဖွဲ့စည်းပြီး ရေးဆွဲသွားမယ့် အကြောင်းကြားစာကို သမ္မတဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းထံ ပေးပို့လိုက်ပါတယ်။

သမ္မတပေးပို့ထားတဲ့ အကြောင်းကြားစာကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ အခုလို ဖတ်ကြားတင်ပြခဲ့ပါတယ်။

"သာသနာရေးဝန်ကြီးဌာနဲ့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့နဲ့ ဆက်စပ်သက်ဆိုင်နေသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ကို အုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် ပြည်ပရှိ ဥပဒေပညာရှင်များ၊ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်း ကျွမ်းကျင်သူများ ပါဝင်သည့် ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် ဖွဲ့စည်းရေးဆွဲမည်ဖြစ်ပါသည်၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့သည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ဆက်နွယ်သက်ဆိုင်သဖြင့် ယင်းကတာဝန်ယူရေးဆွဲရန်ဖြစ်ပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ရမည့် ကိစ္စဖြစ်ပါကြောင်း ပြန်ကြားပါတယ်"

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေတွေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ရက်နေ့က စာရေးသားတောင်းဆိုထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနတွေက ဥပဒေမူကြမ်းတွေ အရင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ စိစစ်ချက်နဲ့ ပြန်လည်တင်ပြဖို့ အကြောင်းကြားထားတာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်း ၄ ခုထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း နှစ်ခုကို ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဒီနေ့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

RFA
...................................................
Print Friendly and PDF

Sunday, January 12, 2014

ဟိုစုဒီစု ဘုစုခရုအပိုင်း ၁၇



Contacts_Hider ကိုယ့်ဖုန်းထဲက Contants တွေကို ဖျောက်ထားလို့ ရတဲ့ Software https://www.dropbox.com/s/harmp3w1db2bxcp/Contacts_Hider.apk
…………………………………………………………………………………………
http://www.tusfiles.net/qxx0nc7t9ngk App Lock Premuin.v.5.8.0.apk
size.2.9.MB
………………………………………………………………………….
Windows Iinstallation Guide (XP , 7 , Vista).rar
Size: 4.87 MB
…………………………………………………………………………………………
http://www.tusfiles.net/25sww4e7h6qm Secure gallery .v.3.1.4.
pic/video lock.apk
size.1.4MB.သူများမသိစေချင်တဲ့ဟာတွေ လော့ချထားဘို့ ကြိုက်ရင်ဒေင်း
……………………………………………………………………..
……………………………………………………………………………………………………..
http://www.mediafire.com/?35e4dc4gfxhln5u facebook.v.6.0.0.0.18.apk
size.17.71.MB.ထွက်နိုင်ကြပါပေရဲ့ဗျာ။လိုအပ်ရင်ယူစေဗျာ။ဘာတွေထူးလဲတော့နော်လဲစမ်းရသေးဘူး
……………………………………………………………………….
……………………………………………………………………………………….
http://www.solidfiles.com/d/ea9a48e091/ Myanmar Zodaic.update.size.5.6.MB
မြန်မာဗေဒင်ဝါသနာရှင်တွေအတွက်နော်။
………………………………………………………………
https://googledrive.com/host/0B5Z5bxNQfzDocmhra2ltb1JIRlE/[www.nyinaymin.org]CS5-6.Crack,patch(86x64).rar Adobe produst တွေအတွက် crack &patch စုစည်ထားတာလေးပါ။
……………………………………………………………..
http://cbs.wondershare.com/go.php?track=download_start&name=mobilego_full818&pid=818&back_url=http%3A%2F%2Fdownload.wondershare.com%2Fcbs_down%2Fmobilego_full818.exe wonshare mobile go .v.4.2.0.exe setup.
for window.8/7/xp/2003/vista. ဖုန်းနှင့်ကွန်ပြူတာတွဲသုံးသောအခါ suit အနေနဲ့သုံတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။
……………………………………………………………..
http://zawmintan.googlecode.com/files/Face%20Swich%20www.zawminthan.com.apk
Face swich v.2.0.apk
size.7.13.MB. ဓါတ်ပုံကလိတဲ့ apk ပါ။
……………………………………………………………..
……………………………………………………………………………………………
http://www.mediafire.com/?q75czzj0h6fcqqn Bagan keyboard pro crack version.
size.3.06.MB.
…………………………………………………………………………………………….
………………………………………………………………
http://www.solidfiles.com/d/278f5586b1/ V.root mobiles .v.1.0.5.1.apk
size.1.3.MB.မိမိတိုဖုန်းထဲမှာတင်rootဖောက်နိုင်တဲ့ apk လေးတစ်ခုလို့ဆိုပါတယ်။ 

 ....................................................................................

  

  .........................................................................

Print Friendly and PDF

YouTube မှ ဗွီဒီယိုများကို လွယ်ကူစွာ (Download)ရယူနည်း



ဗွီဒီယို ဖိုင်ကို တွေကို ကြည့်နိုင်၊ဝေမျှနိုင်၊upload တင်ခြင်းပြုလုပ်နိုင်ဖို့ရာ မရှိမဖြစ်ကတော့ Youtube ဖြစ်ပါတယ်.YouTube ဟာ ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာအသုံးပြုနေတဲ့ အကြီးမားဆုံး ဗွီဒီိယို ဆိုဒ်တစ်ခုဖြစ်ပါတယ်..ဖျော်ဖြေရေးဆိုင်ရာဗွီဒီယိုများအပြင် တခြားသောကဏ္ဍမှ ဗွီဒီယိုဖိုင်များကို နေ့စဉ် အချိန်နဲ့အမျှ တင်ပေးနေတာကို တွေရမှာပါ..အဲဒီဗွီဒီယိုတွေကို ကျွန်တော် တို့က ဝေမျှနိုင်တယ်၊ကြည့်နိုင်ပါတယ်..ဒါပေမယ့် Download ယူပြီးကြည့်ဖို့အတွက်က Youtube မှာ Download ခလုတ်မပါပါဘူး/ Youtube က အသုံးပြုသူတွေကို Download လုပ်ခွင့်မပေးပါဘူး..Youtube ကဗွီဒီယိုတွေကို ရယူဖို့ third party tools နဲ့ Web တွေကတော့ အများကြီးပါ။ဒါပေမယ့် အဲဒီဆိုဒ်တွေကို ဗွီဒီယိုကို ရယူဖို့ Java လိုပါတယ်. တကယ်လို့ ကိုယ်က Flash video တွေကို ဒေါင်းလုတ်လုပ်ချင်တယ်ဆိုရင် ကိုယ်သုံးမယ့် ကွန်ပျူတာမှာ Java ထည့်သွင်းထားရမှာဖြစ်ပါတယ်..အခုပေးမယ့် Tool လေးကတော့ Freedownloadmanager(FDM)ဆော့ဝဲလ်လေးဖြစ်ပါတယ်..Youtube က ဗွီဒီယိုတွေ ရယူတဲ့အခါမှာ အဆင်ပြေတာတွေ့ရသလို လျင်လျင်မြန်မြန် ဒေါင်းနိုင်တာကိုလည်းတွေ့ရပါတယ်..ဒီဆော့ဝဲလ်လေးက Video ဖိုင်တွေကို Download ရယူနိုင်ရုံသာမက youtube လိုမျိုးတခြား ဗွီဒီယိုဆိုဒ်တွေက Flash video တွေကို ပါ အဆင်ပြေပြေဒေါင်းနိုင်တာကို တွေ့ရပါတယ်..ဒီဆော့ဝဲလ်ရဲ့အားသာချက်တွေကို အောက်မှာ ထပ်ကြည့်ရအောင်...။

http://www.myanmarmobileapp.com/2014/01/06/youtube-%E1%80%99%E1%80%BD-%E1%80%97%E1%80%BC%E1%80%AE%E1%80%92%E1%80%AE%E1%80%9A%E1%80%AF%E1%80%AD%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AF%E1%80%AD-%E1%80%9C%E1%80%BC%E1%80%9A%E1%80%B9/
Download link under
Print Friendly and PDF